အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း စောမြင့်ဦးရဲ့ ကြော်ငြာဆိုင်းဘုတ်ကို ဆုတ်ဖြဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် ဖြိုးမင်းသန့်နဲ့ ၃၁ နှစ်အရွယ် ထွန်းထွန်းဝင်းတို့ကို ဖမ်းဆီးကာ ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးမှုများ တားဆီးရေးဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ မဲစာရင်းစိစစ်ဖို့လာတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အချို့ကို ထိုးကြိတ်လို့ဆိုပြီး အသက် ၄၆ နှစ်အရွယ် ကိုကျော်သီဟန်ကိုလည်း ပုဒ်မ ၂၄ (က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၄ ရက်မှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က အသက် ၄၇ နှစ်အရွယ် ကိုမျိုးမင်းဆွေ (ခ) မင်းမင်းရဲ့ လက်ကိုင်ဖုန်းထဲမှာ ရွေးကောက်ပွဲကို ‌နှောင့်ယှက်ဖျက်ဆီးဖို့ PDF ထံ စာပို့ထားတာ စစ်ဆေးတွေ့ရှိတယ်ဆိုပြီး ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ကြီး၊ ရန်ကုန်တိုင်း ကမာရွတ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့တို့က အမျိုးသမီး ၃ ယောက်ကိုလည်း စစ်တပ်အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်ကားကို ဝေဖန်မှုနဲ့ ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေ ဆန့်ကျင်နေတဲ့ကြားက အတင်းအကြပ် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

ဘိုကလေးမြို့နယ်က အုပ်ချုပ်ရေးမှူးတချို့ စစ်မှုထမ်းဥပဒေအကြောင်းပြကာ အမျိုးသားတစ်ယောက်ကို ၃၉၀၀၀ ကျပ်နှုန်းနဲ့ ငွေတောင်းယူနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကာကုန်း၊ ဘိုးကုန်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာနေပြည်သူတွေဆီက စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက်ဆိုပြီး ငွေကြေးကောက်ခံမှုတွေလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုအလိုက် လူအရေအတွက်နဲ့ ကောက်ခံနေကြတာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ကို ၃၉၀၀၀ ကျပ် အတင်းအဓမ္မကောက်ခံနေကြောင်း သိရပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။