ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရသေ့ဂူကနေ တက်လာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က စလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့ဖြစ်တာက တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ ဖြစ်တာပါ။ ဒဏ်ရာရကတော့ ၂ ယောက် ရတယ်။ ကျတာတော့ မရှိဘူး။ စစ်ရေးက မငြိမ်ဘူး။ နေ့တိုင်းပဲ နေ့တိုင်းကိုမှ တော်တော်ဆိုးဆိုး” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့မှာပဲ ဖူးကြီးကျေးရွာအနီးရှိ တရုတ်မီးပန်းဂိုထောင်ကို စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲတိုက်ပွဲမှာ နေပြည်တော် ပကဖ ရဲ့ စစ်ကြောင်းမှူးနှင့် ရဲဘော် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို MBT တပ်ဖွဲ့ ကျင်းပ…

“ဒီနေ့မှာ နောက်တန်းဌာနချုပ်ရှိ တပ်မှူးတပ်သားတွေနဲ့အတူ ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးကို အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျားမဲအလံ တဝပ်လွှင့်ထူခြင်း၊ ကျဆုံးအာဇာနည်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဥဩဆွဲခြင်း၊ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အမှတ်တရ စကားပြောကြားခြင်းတွေ ပြုလုပ်ခဲ့ပါသည်” လို့ MBT တပ်ဖွဲ့က ဆိုထားပါတယ်။
Read More

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေ

ဧရာဝတီတိုင်းထဲက မအူပင်၊ ပန်းတနော်၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ပုသိမ်မြို့တွေမှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ဆိုင်ကယ်တွေဆိုရင် လိုင်စင်မရှိရင် အပြီးအပိုင် သိမ်းယူပြီး လူကိုလည်း ထောင်တစ်လ ပြစ်ဒဏ်ချတယ်လို့ သိရပါတယ်။