လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

AAPP ကောက်ယူထားတဲ့ စာရင်းအရ အောက်တိုဘာ ၁ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ စစ်ကော်မရှင်တပ်ကြောင့် ၂နှစ်အရွယ် မိန်းကလေး ၁ယောက်နဲ့ ယောက်ျားလေး ၁ယောက် အပါအဝင် အသက် ၁၈ အောက် မိန်းကလေး ၁၈ ယောက်နဲ့ ယောက်ျားလေး ၁၇ ယောက်၊ စုစုပေါင်း ၃၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ သေဆုံးသူတွေထဲမှာ ရှမ်းပြည်နယ်က ၁၀ ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းကတော့ သေဆုံးမှု ဒုတိယအများဆုံးအဖြစ် ၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈ ယောက်အထိ ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၈နှစ်အောက် သေဆုံးသူ အရပ်သား ၁၀ ယောက်ရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် မတရားစစ်အာဏာသိမ်းမှု စတင်ချိန်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၇၄၂၃ ယောက် သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာနဲ့ ကလေးက ကျေးရွာတွေကို သုံးရက်တာအတွင်း ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာနဲ့ ကုလကို NUG ကတောင်းဆို

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ဆီကို ABSDF ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး လာရောက်စစ်ဆေး (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် ၃ စစ်ကြောင်းဆီကို ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး က လာရောက်ပြီး စစ်ကြောင်းအတွင်းရှိ ရဲဘော်တွေနဲ့ တွေ့ဆုံခြင်း ၊ ရှေ့တန်းနယ်မြေတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်အပြင် ရဲဘော်တွေကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။