စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ တပ်ကြပ်ဟာ ရခိုင်ပြည်နယ်ဘက် တာဝန်ကျဖို့ သွားရောက်ချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်မှုထမ်း သက်တမ်း အနှစ် ၂၀ ကျော်ရှိ တပ်ကြပ် ၁ယောက်ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိမရှိအပေါ် စစ်ဆေးနေကြောင်းနဲ့ အပြစ်မရှိရင် ကာယကံရှင်ရဲ့ သဘောထားဆန္ဒအတိုင်း လုပ်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး မုံရွာနယ်ထဲ အရောက်မှာ ကြားခံ‌မြေပြင်ချိတ်ဆက်ပေးမှုနဲ့ အလင်းဝင်လာတာပါ။ လက်ရှိအချိန်မှာတော့ အလင်းဝင်တာကို လက်ခံပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စစ်ဆေးနေပါတယ်။ တစုံတရာအပြစ်မရှိဘူးဆိုရင်တော့ လုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ သူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးသွားမှာပါ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ကြပ်အား တွေ့ရစဥ်

၂၀၂၅ ခုနှစ်အတွင်း မုံရွာမြို့နယ်ပကဖထံ သန္ဓေတပ်သား၊ တပ်ကြပ်နဲ့ ပစအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၂၀ ကျော် ထွက်ပြေးအလင်းဝင်ရောက်ခဲ့ရာမှာ တပ်ဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို ရိုက်နှက်နှိပ်စက်တာ၊ အကြမ်းဖက်တာမျိုးတွေမရှိကြောင်း၊ အများစုဟာ အကြမ်းဖက်စစ်ကော်မရှင်ကို ပြန်ပြီးတိုက်ခိုက်နေကြောင်း သိရပါတယ်။

“သူပြောပုံအရဆို တပ်ထဲမှာ ပြေးတော့ ပြေးချင်နေကြတာဗျ။ ဒါပေမယ့် သန္ဓေတွေအနေနဲ့ကျ မိသားစုက အထဲမှာရှိတော့ ပြေးဖို့မလွယ်ကြဘူး။ ဒီနှစ်ထဲဆို အယောက် ၂၀ ကျော် ရှိပြီဗျ။ တချို့က ကျနော်တို့ ဆီမှာပဲ ပြန်တိုက်နေကြတယ်။ တချို့ကတော့ သာမန် အရပ်သားအနေနဲ့ နေကြတယ်။ တချို့ကတော့ သူတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြန်ပူးပေါင်းပြီး စခကို တိုက်ကြတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ-ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်အထိုင်စခန်းကနေ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပစ (စစ်မှုထမ်း) တပ်သား ၂ယောက် Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကို ချိတ်ဆက်ပြီး သေနတ်တွေယူဆောင် အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။