စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက ဆားတောင်မြို့ကနေ ကူကြီးကုန်းကျေးရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၅၀ နီးပါးထဲက စစ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောက်ကျားတိုက်ခိုက်ဖို့လုပ်ရင်း ထိပ်တိုက်ထိတွေ့မှုဖြစ်တာဗျ။ MA 1 သေနတ်၂လက်ရတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ ညနေပိုင်းမှာ မုံရွာ နမခတက် ဂျိုင်ဒိုကောပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ပွင့်ဖြူ အနီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ် (ရုပ်/သံ)

ပွင့်ဖြူမြို့နယ် ကျွဲခြံ/လယ်မရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

ထိန်းချုပ်နယ်မြေတွေနဲ့ စိုးမိုးနယ်မြေတွေ တိုးချဲ့နိုင်ဖို့ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်းက တော်လှန်ပြည်သူတွေထံ အကူအညီ‌တောင်းခံ (ရုပ်/သံ)

တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ရေး မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းကနေ ပြည်သူမေတ္တာ သိန်း၇၀၀ ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။