မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရတဲ့ အခြေခံမူကို အမြဲသတိရှိရမယ်လို့လည်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက သတိပေးခဲ့ပါတယ်။

ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ရည်ညွှန်းပြီး “အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်လာတိုင်းမှာ ကျနော်တို့အနေနဲ့ ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့ ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခွင့် ပေးနိုင်ချင်မှ ပေးပါမယ်။ ဘယ်နိုင်ငံမှာရော တွေ့ဆုံခွင့်ပေးပါလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်” လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာခြင်း မရှိတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ရဲ့ နိုင်ငံရေးအဆင့်ရှိသူတွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုတာနဲ့ ပတ်သက်ပြီး မနေ့ညက စစ်တပ်ပိုင် ရုပ်သံကတဆင့် ရှင်းလင်းပြောဆိုရင်း ဇော်မင်းထွန်းက အခုလိုတွေ ပြောခဲ့တာပါ။

“အာဆီယံအဖွဲ့ဝင်များအားလုံးရဲ့ လွတ်လပ်မှုအချုပ် အခြာအာဏာပိုင်ဆိုင်မှု တန်းတူရည်တူရှိမှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊ အာဆီယံအဖွဲ့ဝင်များရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေခံမူတွေကို အမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။” လို့လည်း ဇော်မင်းထွန်းက အာဆီယံကို ပြန်လည်သတိပေးခဲ့ပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ အထူးကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပေးခဲ့သလို အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကိုလည်း လိုက်နာဖို့ ပျက်ကွက်နေတာကြောင့် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားတားမြစ်ရေးဆိုင်ရာ လုပ်ငန်းများတွင် မြန်မာ ပါဝင်ဖို့ နှောင့်နှေးပျက်ပြယ်ခဲ့ရ

မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့အတူ နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပြီးမှ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းစဉ်တွေ နှောင့်နှေး ပျက်ပြယ်ခဲ့ရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းလွှတ်တော်အတွင်း မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့လဲ

ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ဦးဆောင်ပြီး "တည်တံ့သောငြိမ်းချမ်း ရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း – ထိုင်းနှင့်အာဆီယံတို့၏ နယ်နိမိတ်တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်သည့်လမ်းကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။
Read More

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းပြောပြီးနောက် အပစ်ရပ်ဖို့ သဘောတူဟု ဆို၊ ဒီနေ့မနက်ပိုင်းအထိ နယ်စပ်တွင် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။