မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် AA အပါအဝင် ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းတိုက်ပွဲရဲ့ ရှေ့တန်းတစ်နေရာမှာ CDF – Asho တပ်ဖွဲ့ဝင် ဆလိုင်းအာရှယ်ပါ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

CDF -Asho တပ်ဖွဲ့ဝင် ဆလိုင်းအာရှယ်ပါ ဟာ အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

“နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာဖြစ်တာပါ။ သီးခြားမှတ်ချက်ပေးဖို့ အဆင်မပြေသေးပါဘူး။” လို့ Chin Defense Force (Asho) ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)

ဆလိုင်းအာရှယ်ပါ အနေနဲ့ ရဲဘော်ကောင်းတစ်ယောက်ဖြစ်တာကြောင့် အခုလို ကျဆုံးမှုဟာ အစားမထိုးနိုင်ကြောင်း၊ ပေးအပ်လာတဲ့တာဝန်နဲ့အမိန့်အပေါ် အသက်နဲ့လဲပြီး ထမ်းဆောင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူကြောင်း၊ ရှေ့ဆက်ပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တာကြောင့် အေးချမ်းစွာအနားယူနိုင်ပြီဖြစ်ကြောင်း CDF (Asho) က အမိန့်ပြန်ထားပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ ပြောထားပါတယ်။

CDF (Asho) အနေနဲ့ နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေမှာ အာရက္ခတပ်​တော် (AA) နဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်နေသလို ငဖဲမြို့နယ်အတွင်းက သူတို့စိုးမိုးရာနယ်မြေတွေမှာလည်း တိုက်ပွဲဖော်ဆောင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
0 Shares:
You May Also Like
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း အပတ်စဉ်(၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အခြေစိုက်ထားတဲ့ ကျားသစ်နက်စစ်ကြောင်းရဲ့ အပတ်စဥ် (၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ကြောင်း ဒီနေ့ဧပြီလ ၁၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွား၊ စစ်အုပ်စုက ၈ ဦးသေပြီး အများအ​ပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။