စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဆားတောင်မြို့ကနေ ကူကြီးကုန်းကျေးရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၅၀ နီးပါးထဲက စစ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောက်ကျားတိုက်ခိုက်ဖို့လုပ်ရင်း ထိပ်တိုက်ထိတွေ့မှုဖြစ်တာဗျ။ MA 1 သေနတ်၂လက်ရတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြောက်ကျားတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အကြမ်းဖက်စစ်သား

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ ညနေပိုင်းမှာ မုံရွာ နမခတက် ဂျိုင်ဒိုကောပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း စစ်ကိုင်း၊ ဝက်လက်နဲ့ အရာတော်မြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် မြို့ပေါ်ရော ကျေးရွာများပါမကျန် စစ်အုပ်စု ပေါ်တာဆွဲမှုများ ဆိုးဆိုးရွားရွားလုပ်ဆောင်နေ၊ စစ်မှုထမ်း အစားထိုးကြေး သိန်း ၈၀ အထိ စျေးပေါက်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရက်ဆိုင်ထိုင်သူတွေအပါအဝင် မြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သား ၁၀၀နီးပါးကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။