ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။

Hornet PDF ဟာ ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို နေ့ညမပြတ် ထုတ်လုပ်နေပြီး ထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေကို ရှေ့တန်းသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

ထုတ်လုပ်ပြီးသား လက်နက်ခဲယမ်းတွေကို ရှေ့တန်းပို့ဆောင်ရာမှာ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ယာဉ်ကို စောင့်ဆိုင်းကာ ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။

ရှေ့တန်းမှာ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ အချိန်မီပို့ဆောင်နိုင်ဖို့ Hornet PDF မှာ 4wheels ကား ၁ စီးလိုအပ်နေပြီး “ပျားတူသို့ ကားကူစို့” သိန်း ၅၀၀ ကမ်ပိန်းပြုလုပ်နေတာကြောင့် တော်လှန်မိဘပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – Hornet PDF

0 Shares:
You May Also Like
Read More

ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းအနီး စိုက်ကွင်းတွေမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေကို မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ပျူစခန်းအနီးမှာ ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းနိုင်ဖို့ တော်လှန်‌ရေးတပ်ဖွဲ့တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်‌ပေးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။