ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ဖမ်ဆီးခံရသူတွေဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က စစ်တပ်ပိုင် မြဝတီချန်နယ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနဲ့ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကို အသီးသီးဝေဖန်ပြောဆိုခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် သူတို့ဟာ အာဏာသိမ်းတာကို ထောက်ခံခြင်းမရှိသလို ဆန္ဒပြပွဲတွေမှာလည်းပါဝင်ခဲ့ကြောင်းနဲ့ မကြာခင်ကျင်းပတော့မယ့် အတုအယောင်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြတဲ့ အနုပညာရှင်တွေကို ဝေဖန်တိုက်ခိုက်တာကြောင့် အခုလိုဖမ်းဆီးခဲ့တာလို့လည်း ဖော်ပြပါတယ်။

စစ်အုပ်စု ဖမ်းဆီးခဲ့သူတွေထဲမှာ ဒါရိုက်တာမိုက်တီးဟာ ပထမအကြိမ်တုန်းကလည်း စစ်တပ်အပေါ် ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅၀၅ – က နဲ့ အရေးယူ ထောင်ချခံထားရသူဖြစ်ပြီး ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွတ်လာချိန် လက်ရှိထပ်မံဖမ်းဆီးခံရတာကြောင့် ရွေးကောက်ပွဲ ကာကွယ်တားဆီးရေးဥပဒေနဲ့ အရေးယူမှာဖြစ်သလို ပြီးခဲ့တဲ့အမှုအတွက်လည်း ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရဖို့ ရှိနေပါတယ်။

ဒါ့အပြင် သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့်ကိုလည်း ရွေးကောက်ပွဲကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူမယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုရေးသားသူတွေကို အမြင့်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးနေတာဟာ လက်ရှိမှာ အယောက် ၆၀ကျော် ရှိပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားနေသူတွေကိုလည်း စစ်တပ်ထောက်ခံသူတွေက စောင်ကြည့်ကာ စစ်အုပ်စုထံ ဆက်တိုက်သတင်းပို့ ဖမ်းဆီးခိုင်းနေတာဖြစ်ပြီး လက်ရှိ အနုပညာရှင်တွေ ဖမ်းဆီးခံရတာလည်း သတင်းပေးတိုင်ကြားမှုကြောင့်ဖြစ်ကြောင်း သိရပါတယ်။

“ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ” စစ်အုပ်စု အတုအယောင်ဝါဒဖြန့် ဇာတ်လမ်းမှာ ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်နဲ့ ခြူးလေး တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဝါဒဖြန့်ဇာတ်ကားပီပီ အကြမ်းဖက်စစ်အစိုးရကောင်းကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် စော်ကားပြောဆိုထားတဲ့ ဇာတ်ဝင်ခန်းတွေ၊ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီ ပါဝင်တာကြောင့် ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ထိထိရောက် ရောက် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

(ဓာတ်ပုံ အကြမ်းဖက်စစ်ကော်မရှင်)
(ဓာတ်ပုံ အကြမ်းဖက်စစ်ကော်မရှင်)
0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၅ ယောက်သေပြီး စစ်ကြောင်းတစ်ခုလုံး ရွာထဲပြန်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ - ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရှမ်းတောင်မှ PDF တပ်ရင်း ၂ ခု NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး စုဖွဲ့မှုပုံစံအသစ် လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။