အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ထုတ်လွှင့်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၁၈/၂၀၂၅” မှာ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ နိုင်ငံရေးအရ တရားဝင်ဆဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲလျက် မိမိတို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) မှာ ပြဌာန်းထားတဲ့ “တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း” မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူး ပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ – Articles of Federal Transitional Arrangement(AFTA) ကို တော်လှန်ရေးအင်အားစုတွေ စုပေါင်းရေးဆွဲလျက်ရှိသလို စုပေါင်း ဦးဆောင်မှု အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ရေးအတွက် လည်း တွေ့ဆုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် အာဆီယံ အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုရရှိစေဖို့ လုပ်ဆောင်ပေးခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့ အလေးအနက် ထပ်လောင်း ပြောကြားလိုပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲက ထုတ်ပြန်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုသလို မြန်မာပြည်သူတွေ ပိုင်ဆိုင်ပြီး မြန်မာပြည်သူတွေက ဦးဆောင်တဲ့ ရေရှည်ပြေလည်စေမယ့် ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေနိုင်ဖို့ ဆက်လက်ကြိုးစားမယ်ဆိုတာကိုလည်း ကျေးဇူးအထူးတင်ရှိတယ် လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌတာဝန် ထမ်းဆောင်တဲ့ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဌရဲ့ အထူးသံတမန်က “မြန်မာ့အရေးသက်ဆိုင်သူများ အားလုံးပါဝင်သော အစည်းအဝေးများ” ဆိုပြီး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ (EROs)၊ အတိုင်ပင်ခံကောင်စီတွေ၊ ဖက်ဒရယ်ယူနစ်ကိုယ်စားလှယ်တွေနဲ့ အခြား ကိုယ်စားလှယ် အဖွဲ့တွေ စုစည်းတက်ရောက်ခဲ့ပါသေးတယ်။

အဆိုပါအစည်းအဝေးတွေကနေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ဆိုတဲ့ အချက် ပါဝင်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်တာ၊ ဒီမိုကရေစီကို ထိန်းသိမ်းမှုနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ပယ်ချတာတွေ ပါဝင်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို တော်လှန်ရေးအဖွဲ့အစည်း ၂၀ က လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

“ဒီထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ အောက်ပါ တောင်းဆိုချက်တွေဟာ မြန်မာနိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲကနေ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ အခြားနည်းလမ်းတွေနဲ့ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုကြ တဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်သော၊ မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုသော ဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အလေးအနက်ထား ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်း လိုက်ရပါတယ်။” လို့လည်း ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းတွင် စစ်အုပ်စုက ရွာထဲ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်ပြီး ကြောက်လန့်ထွက်ပြေးသည့် လူငယ် ၁ ဦးကို လိုက်လံပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်၊ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ… ဘီးလင်းက မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။