မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက မတ္တရာမြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ မွေးမြူထားတဲ့ နွား ၃ ‌ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – Voice Of Mandalay

0 Shares:
You May Also Like
Read More

ရဲဘော်တွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ “အမေ့အိမ်သို့ အပြန်လမ်း” မှာ ပါဝင်ကူညီအားဖြည့်နိုင် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ စခန်းတိုက်ပွဲဆင်နွဲနေတဲ့ ဝေါလေဗျူဟာကုန်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းမှာ မနေ့ဇူလိုင် ၁၁ ရက်က ကြီး မားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များထံက သိရပါတယ်။