ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် ညပိုင်းက မင်းတပ်မြို့တစ်နေရာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လေကြောင်းကြိုတင်သတိပေးချက်ရထားတဲ့အတွက် လူသေဆုံးမှုမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာအချို့သာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

”ညက ဗုံးကြဲ ခံရချိန် ရိုက်ထားကြတဲ့ဟာ ဒီ အသံမျိုးကို ခံစားလို့ကိုမရဘူး။ ခဏခဏ ကြားဖူးသော်လည်း မရိုးနိုင် မအီနိုင်။ စိတ်ဒဏ်ရာ ရစေတဲ့ အသံ…။ ကြုံဖူးသူတိုင်းဘဲသိတဲ့ ကြောက်စရာအသံ…။ ကြဲခါနီးအနိမ့်ဆင်းလာတဲ့ အသံကရင်အခုန်ရဆုံးဘဲ”လို့ ရေးသားကာ အကြမ်းဖက်စစ်တပ် ဗုံးကြဲခဲ့တဲ့ ရုပ်သံဖိုင်ကို ဒေသခံတစ်ယောက်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကလည်း မင်းတပ်မြို့ ရဲစခန်းဟောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနဲ့ စစ်သုံ့ပန်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာ ၈ ရက်က မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၂) ၊(၃) တို့ရှိ စာသင်ကျောင်းတွေကို အကြမ်းဖက်စစ်က ဗုံးကြဲခဲ့ရာမှာတော့ ကျောင်းသား ၃ ယောက်နဲ့ မသန်စွမ်းအမျိုးသမီး ၁ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Ĥkl Mindat

 

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲမရှိတဲ့ လက်ပံတိုရေနံမှော်အနီး စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ပံတိုရေနံမှော်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော် ရဲမေများက ငလျင်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော်ရဲမေတွေဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။