ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။

ဒိုက်ဦးအကျဉ်းထောင် အကျဉ်းဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသူတွေကို စိုက်ပျိုးရေးလုပ်ငန်း၊ ချိုးရေအသုံးပြုတဲ့ ရေကန်တွေကို သန့်ရှင်းရေးလုပ်ခိုင်းတာတွေ၊ ရေကန်အစောင့် (ဘာယာ) လုပ်ခိုင်းတာတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေ အသုံးပြုတဲ့ မိလ္လာတွေကို သန့်ရှင်းခိုင်းတာတွေ၊ ညအချိန် အခန်းဘာယာစောင်းခိုင်းတာတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ စာရင်းဇယားတွေကို လုပ်ခိုင်းတာတွေ၊ ဈေးဘားဝယ်ယူတဲ့ စာရင်းလုပ်ခိုင်းတာတွေ စတဲ့ အကျဉ်းထောင်အလုပ်တွေကို နိုင်ငံရေးအကျဉ်းသူတွေကို စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒီအလုပ်တွေကို လုပ်ကိုင်ဖို့ ငြင်းပယ်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသမီးအဆောင်မှူး ဒေါ်ဇင်မာကြည်အောင်က ပါဆယ်ပို့ခွင့်တွေ ကန့်သတ်ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို အကျဉ်းထောင်ကနေ ပါဆယ်ပို့ခွင့် ကန့်သတ်တာဟာ နိုင်ငံရေးအကျဉ်းသူတွေကို အကြောင်းမဲ့ ဖိနှိပ်နေတာ ဖြစ်တယ်လို့ WOPP က ဆိုပါတယ်။

“အကျဉ်းထောင်မှာက ဒီလိုပါဆယ်နဲ့ပဲ တောင့်ခံထားရတဲ့ အခြေအနေပေါ့နော်။ အကျဉ်းထောင်ထဲက ကျွေးတာတွေကလည်း ဘယ်လိုမှ အဆင်မပြေဘူးလေ။ ပါဆယ်ပို့ခွင့် ပိတ်လိုက်တာက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ အကျဉ်းထောင်ကလည်း ဆေးဝါးစောင့်ရှောက်မှု အလုံအလောက်မရှိဘူး။ မိသားစုကပို့တဲ့ ဆေးဝါး၊ မိသားစုက ပို့တဲ့ အစားအသောက်တွေကိုပဲ အဓိက ထားပြီး စားသုံးရတဲ့ အခြေအနေပါ” လို့ WOPP ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မဆုမြတ်က မောင်းကို ပြောပါတယ်။

အကျဉ်းထောင်က ဈေးဘားကနေ ရောင်းချတဲ့ ထမင်း၊ ဟင်းတွေကလည်း ဟင်းဆိုတဲ့ နာမည်ခံရုံလောက်သာရှိပြီး စားလို့မရတဲ့ အခြေအနေတွေဖြစ်တာကြောင့် နိုင်ငံရေးအကျဉ်းသူတချို့ဟာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသူတချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှ စတင်ပြီး အကျဉ်းထောင်အတွင်း ပါဆယ်ပို့ဆောင်ရာမှာ ဟင်း (၂) မျိုး၊ ကော်ဖီ ၇ ထုပ်၊ ခေါက်ဆွဲ ၅ ထုပ်သာ ပေးပို့ခွင့် ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ဆုံရာမှာလည်း အလွန်အမင်း တင်းကြပ်ထားပြီး မိသားစုတွေကို အကျဉ်းထောင်အတွင်း နေထိုင်မှု အခြေအနေကို ပြောပြတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ် အကျဉ်းချထားတယ်လို့ WOPP က ထုတ်ပြန်ပါတယ်။

“နိုင်ငံရေးအကျဉ်းသူတွေဟာ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီးတော့ ဖမ်းဆီးခံထားရသူတွေ မဟုတ်ပါဘူး။ မတရားဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လုပ်ရပ်တွေက နိုင်ငံရေးအကျဉ်းသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတာလို့ပဲ ပြောချင်ပါတယ်” လို့ မဆုမြတ်က ဆိုပါတယ်။

WOPP အနေနဲ့လည်း အခုလို ကျူးလွန်နေမှုတွေကို အခက်အခဲအမျိုးမျိုး ကြားကနေ ဆက်လက် ဖော်ထုတ်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ စစ်ကူပို့ပေးရာ ဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေ

စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အေအေရဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့က  CNO/CNDF ဒဏ်ရာရ ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းနှင့် ပစ္စည်း တချို့ ထောက်ပံ့လှူဒါန်း

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။