စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်စိုးမိုးမှုကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ကျည်ဝယ်ယူနိုင်ရေး ယင်းမာပင်ခရိုင်ပကဖ က တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ ရှုံးနိမ့်မှုကို ကာကွယ်နိုင်‌ရေးအတွက် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာကို လိမ်လည်ဖို့ ကြိုးစားနေတာကြောင့် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းစုံ သုံးပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သွား ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ဟာ ယင်းမာပင်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇၂၁ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နယ်‌မြေစိုးမိုးနိုင်ရေး၊ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ဟန့်တားတိုက်ခိုက်နိုင်ရေးအတွက် ယင်းမာပင်ခရိုင်ပကဖ ပြုလုပ်ထားတဲ့ တန်ပြန်ကျည်တစ်သောင်းကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

Video – ယင်းမာပင် ခရိုင် ပကဖ

0 Shares:
You May Also Like
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။