မကွေးတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ (GTC) တက္ကသိုလ်ထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက ကျွန်းချောင်းနဲ့ ထောက်ကြံ့ရွာ ၂ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း၊ ထိုမာရွာ GTC (နည်းပညာတက္ကသိုလ်) မှာ တပ်စွဲနေတဲ့ စစ်အုပ်စုတွေက ကျွန်းချောင်းရွာကို အင်အား ၁၀၀နီးပါးနဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်အုပ်စုဟာ ကလေး-ဂန့်ဂေါလမ်းပိုင်းအတိုင်း တောင်ဘက်ကို ဆက်လက်ထွက်ခွာရင်း သာယာကုန်းကျေးရွာထဲ ဝင်ရောက်ကာ တပ်စွဲညအိပ်ခဲ့သလို ဒီနေ့ အောက်တိုဘာ ၂၈ရက် မနက်ပိုင်းမှာတော့ ထောက်ကြန့်ရွာ အမှတ်(၄) ရပ်ကွက်ဆီ ဝင်ရောက်ခဲ့ပါတယ်။

စစ်အုပ်စုက ဒီနေ့မနက်ပိုင်းမှာလည်း ထောက်ကြန့်ကျေးရွာအတွင်းက နေအိမ်တွေကိုပါ ထပ်မံမီးရှို့ခဲ့သလို မပြေးနိုင်တဲ့ အရပ်သား ၄၀ နီးပါးကိုလည်း ဓားစာခံလုပ်ဖမ်းဆီးထားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က ပြောပါတယ်။

“ရွာမှာ မရှောင်နိုင်လို့ ကျန်နေတဲ့ ပြည်သူ ၄၀ ခန့်ကို စခတွေ ဖမ်းထားတယ်။ အဲ့လိုသိရတယ်။ နေအိမ်ဘယ်လောက်မီးလောင်သွားလဲတော့ မသိရသေးပါဘူး” လို့ ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

ပြီးခဲတဲ့ အောက်တိုဘာလ ၂၆ရက်နေ့ကစလို့ ထိုမာရွာအနီးမှာရှိတဲ့ GTC တက္ကသိုလ် ကာကင်းစခန်းကို စစ်တပ်က ကလေးမြို့ပေါ်ရောက်ရှိနေတဲ့ စစ်အင်အား ၃၀၀ နီးပါးအပါအဝင် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ရဟတ်ယာဥ်တွေ၊ ထောက်ပို့လေယာဥ်တွေနဲ့ ထပ်မံဖြည့်တင်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ GTC ကာကင်းစခန်းကနေ ကျေးရွာတွေထဲ ဒရုန်းနဲ့ ဗုံးသီးတွေ ရမ်းသမ်းကြဲချခဲ့သေးတာကြောင့် သာယာကုန်းနဲ့ ထောက်ကြန့်ရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဥ် (ဓာတ်ပုံ ယောအလင်းတန်း)

တဆက်တည်းမှာပဲ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေလည်းရှိနေပြီး အထိနာနေတာကြောင့် အခုလို ကျွန်းချောင်းနဲ့ ထောက်ကြန့်ရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့လည်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ရက်နေ့ကစလို့ ကလေးမြို့တောင်ဘက် မကွေးတိုင်း၊ ယောဒေသနဲ့ထိစပ်နေတဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးထားရတဲ့ ကလေးမြို့နယ်၊ ကြံသာရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေအပါအဝင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီရွာက စစ်အုပ်စုတွေဟာ ကြံသာရွာကတဆင့် အောင်သာရွာကို ဝင်ရောက်ရင်း လက်ရှိ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားရာ မှန်သာရွာမှာပါ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

လက်ရှိမှာတော့ မှန်သာရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ကြံသာရွာတောင်ဘက်အထိ ပြန်ဆုတ်ထားကြောင်း သိရပါတယ်။

ကလေးမြို့နယ်တစ်ခုလုံးက အရပ်သား ၄သောင်းနီးပါးဟာ အရေးပေါ်တိမ်းရှောင်နေရကြပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေပါဝင်တာကြောင့် အရေးပေါ်ဆေးဝါးနဲ့ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့လည်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။