စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က ရွှေဘိုမြို့နယ် ရှားတောရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ Y12 လေယာဉ်နဲ့ ၉ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဇာမဏီဒရုန်းတပ်ဖွဲ့ (Phoenix Wings)၊ black wolf ဒရုန်းတပ်ဖွဲ့တို့က မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – ဇာမဏီဒရုန်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့အနီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာ နဲ့ ကညှပ်ရွာကို ဇန်နဝါရီ ၃၀ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က နေ့ခင်းကြောင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။
Read More

ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်းမမှာ ကပစ ၂၁ က ပစ္စည်းသယ်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲကာ စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် မနေ့က ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။
Read More

လက်နက်ချ စစ်သုံ့ပန်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြားက ကယ်ထုတ်ခဲ့ (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကယ် ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။