မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 

ထိတွေ့တိုက်ပွဲဟာ သြဂုတ် ၁ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ပြီး နှစ်ဘက်အကျအဆုံးတွေလည်းရှိတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းနဲ့ မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ တပ်ပေါင်းစုတွေက စစ်ရေး အခြေအနေတွေကို ခြေသံလုံလုံနဲ့ လုပ်ဆောင်နေရခြင်းဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သားတွေ အနီးပတ်ဝန်းကျင်မှာ နေထိုင်ခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကို ကူညီထောက်ပံ့ပေးကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Video – Myingyan District Battalion – 2

0 Shares:
You May Also Like
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်အမှာစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုပြီး အမှာစကားပြောကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသမှ ယနေ့ နံနက်ပိုင်းမှ သတင်းထုတ်ပြန် လိုက်ပါတယ်။
Read More

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ခမရ ၅၄၀ တပ်ရင်းမှူး ဇနီးဖြစ်သူ ဒေါ်မေသူဝင်းမှာ AA အား ကျေးဇူးတင်စကားပြောကြား (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၈၄ ယောက်ကို အာရက္ခတပ်တော် (AA)က အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးခဲ့ပြီး လမ်းစရိတ် ၃ သိန်းစီး ထောက်ပံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတံတားသစ် ကြံ့ခိုင်မှုမရှိတော့တဲ့အတွက် မန္တလေးဘက်ကူးသူများ စက်လှေများ အသုံးပြုနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မန္တလေးဘက်ကိုကူးတဲ့ တံတားတွေဟာ အသုံးပြုဖို့ မသင့်တော်တော့တဲ့အတွက် ဒေသခံတွေဟာ စက်လှေကို အဓိကအားထားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။