မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၁ရက်နေ့က ဆောမြို့၊ သီရိ (ရတနာ) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃နှစ်အရွယ် မအေးငြိမ်းလင်းကို မိသားစုတွေနဲ့ ရင်းနှီးတဲ့ မောင်မင်းမင်းစိုး (၂၁ နှစ်) က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက် အဆက်အသွယ် မရတော့ဘဲ အောက်တိုဘာ ၂၅ရက်နေ့ကျမှ ဒေသခံတွေရဲ့ သတင်းပေးပို့မှုကြောင့် ဆောမြို့ ပြည်သူ့ဆေးရုံဝန်းထဲက အခန်းတစ်ခုမှာ မအေးငြိမ်းလင်းရဲ့ ပုပ်ပွနေပြီဖြစ်တဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်အတွက် ပျောက်ဆုံးနေတဲ့ မင်းမင်းစိုးကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ မင်းမင်းစိုး

“ရှောင်နေတဲ့အချိန်မှာ ဖမ်းမိတာပါ၊ သူ့ကို ဆောမြို့မှာပဲ ဖမ်းမိပါတယ်၊ သူက ကလေးမိဘတွေနဲ့ အသိမိတ်ဆွေလို့ ပြောလို့ရပါတယ်၊ အိမ်ကိုအဝင်အထွက်ပြုလုပ်နေသူပါ၊ အခု သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းက ဖမ်းဆီးထားပါတယ်။ ဂန့်ဂေါခရိုင်ဆောတပ်ရင်းတခုကပါ” လို့ ယောအလင်းတန်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တရားခံ မင်းမင်းစိုးကို ဖမ်းဆီးစစ်ဆေးချိန်မှာလည်း အဆိုပါ ကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းဖျောက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ ကလေး သေဆုံးမှုအတွက် တရားခံ မင်းမင်းစိုးကို သေမိန့်ပေးဖို့ ဆောမြို့ ဒေသခံတွေက မနေ့က အောက်တိုဘာ ၂၆ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါသေးတယ်။

“မုဒိမ်းကျင့်၊ လူသတ်၊ အလောင်းဖျောက်တဲ့အတွက်ရော မုဒိန်းမှုကို ထပ်ခါထပ်ခါ ကျူးလွန်သူဖြစ်တဲ့အတွက် ပြည်သူတွေက အခုလိုတောင်းဆိုကြတာပါ” လို့ ယောအလင်းတန်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
တရားခံ မင်းမင်းစိုးဟာ အရင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ကျူးလွန်ထားဖူးကြောင်း၊ သူ့ကို ဖမ်းဆီးထားချိန်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

မိန်းကလေး၏ ရုပ်အလောင်းရှာတွေ့ခဲ့စဥ်
0 Shares:
You May Also Like
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။