အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်အတွင်း CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပရာ မြို့မ (၂) ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက် ည ၈နာရီ ၂၀ မိနစ်မှာလည်း စစ်တပ်က ကန်ပက်လက်မြို့နယ်ကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိကာ ပြည်သူနေအိမ် ၅လုံး၊ အဆောက်အဦး ၃လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေကို ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးစွန်ထိ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်အောင် ကတုတ်ကျင်းတွေ လုပ်ဆောင်ကြဖို့နဲ့ လူစုလူဝေး ဖြစ်စေမယ့် ဘယ်လိုပွဲမျိုးကိုမဆို လတ်တလော ရှောင်ရှားကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။
Read More

ကန့်ဘလူ၊ သိန်ရင်ဆည်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။