မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ Myingyan District Battalion – 2 ထံက သိရပါတယ်။ 

တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါသံမဏိစက်ရုံမှာ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ တပ်စွဲနေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သံမဏိစက်ရုံကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ၁၀လုံးမှာ ကွဲတဲ့ အလုံးက ကွဲတယ်ပေါ့နော်။ အဲ့မှာမှ ၄လုံးကတော့ သူတို့ဆီကို ထိထိမိမိနဲ့ကို ကွဲတယ်ပေါ့နော်” လို့ Myingyan District Battalion – 2 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံမဏိစက်ရုံအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်သား ၁၅ယောက် သေဆုံးခဲ့သလို အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို တိုက်ခိုက်ပြီးနောက်မှာတော့ သံမဏိစက်ရုံဆီကို ညောင်ဦးဘက်က စစ်ကူတွေ ရောက်ရှိနေပြီး အနီးနားနေရာတွေကို စစ်တပ်က ဟောင်ဝင်ဇာ၊ ၈၁၊ လက်နက်ကြီးတွေနဲ့ စစ်တပ်က တောက်လျှောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်မှုကိုတော့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ Burmese Guerrilla Force BGF-Myingyan ၊  One More စစ်ကြောင်းနဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်စဥ် (ဓာတ်ပုံ Myingyan District Battalion – 2)

0 Shares:
You May Also Like
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။