နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာပါ။

ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေးကို သားသမီးချင်း၊ မိဘချင်းကိုယ်ချင်းစာပြီး ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်က သူ့အနေနဲ့လည်း တစ်နိုင်ငံလုံးက ကလေးငယ်တွေ ပညာသင်ကြားမှုတွေ နောက်ကျကျန်ရစ်မှုမရှိစေရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အခုလိုတွေ ပြောဆိုထားပေမယ့် လက်တွေ့မြေပြင်မှာတော့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကလေးငယ်တွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ရက်ရက်စက်စက် ဗုံးကြဲပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ စစ်တပ်ဟာ တိုင်းပြည်ခွဲထွက်ရေးကို လုံးဝလက်မခံဘဲ ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းလိုက်နာသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် လူအနည်းစုရဲ့ သဘောထားကို အလေးထားရမှာဖြစ်ပေမယ့် လူအများစုရဲ့ ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမှာဖြစ်သလို ဖြစ်ချင်တာထက် ဖြစ်သင့်၊ ဖြစ်နိုင်တာတွေကို ဆောင်ရွက်တာဟာ နိုင်ငံတော်ရဲ့ အကျိုးကို ဆောင်ရွက်တာသာဖြစ်တယ်လို့လည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ စစ်သား ၈၈ ယောက် သေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU - ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။