မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သက်လတ်ပိုင်းအရွယ် ရွာခံ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၂ ယောက်မှာလည်း ထိခိုက်ဒဏ်ရာရရှိထားကာ အသက်ရှင်ဖို့က ၅၀ ရာခိုင်နှုန်းသာ ရှိတဲ့ အခြေအနေလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဗုံးကြဲချတိုက်ခိုက်တာအပြင် ပါရာမော်တာပေါ်ကနေ စက်လက် (machine gun) တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေမ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသခံကပဲ ဆက်လက်ပြီး “အခုနောက်ပိုင်း ကျွန်တော်တို့ ဒေသကို လာကြဲတဲ့ ပါရာမော်တာတွေက စက်လက်တွေ ပါလာတယ်။ ကျွန်တော်တို့ ဒေသအခေါ်ကတော့ စက်လက်ပေါ့နော်၊ machine gun လို့တော့ ကျွန်တော်တို့ သတ်မှတ်ထားတာပေါ့။ ဘယ်လို အမျိုးအစားလဲဆိုတာတော့ မပြောတတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ ပါရာမော်တာက ဗုံးသီးတွေပဲ ကြဲတာပေါ့နော်။ အခုက စက်လက်တွေနဲ့ပါ ပစ်နေတာပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက ပုခုက္ကူကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာတော့ ဝါသဝရဲ့ ကျေးရွာဖြစ်တဲ့ ညောင်ဂျစ်ပင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဒေသခံ ပေးပို့
0 Shares:
You May Also Like
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်၊ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးပေမယ့် လူ ထိခိုက်မှုမရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ NUG အစိုးရ ဌာနဆိုင်ရာတွေက လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေဦးမြို့နယ်မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊မြို့နယ် ပ.က.ဖ ကူညီကယ်ဆယ်ရေးနဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။