မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်မှ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့ကာ လက်နက်ကြီး၊ ဒရုန်းနဲ့ တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း ၊မြင်းခြံ ခရိုင် အမှတ် (၈)တပ်ရင်း ၊နွားထိုးကြီးမြို့နယ် ပကဖ၊ ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

Video-Myingyan District Army – 1 – 801

0 Shares:
You May Also Like
Read More

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် တံတားတစ်စင်း ပြိုကျပျက်စီး (ရုပ်/သံ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှာ မကြာသေးခင်က အသစ်ဖွင့်လှစ်ထားတဲ့ တံတားတစ်စင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပန်းရံပျူစခန်းက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။