ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တောင်ခြမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေပြီး စစ်အုပ်စုက လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေညရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် မနေ့က မနက်ပိုင်းကစလို့ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်ရင်းက ထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာနား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တစ်နေ့လုံး လက်နက်ကြီးပစ်ခတ်တာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာ မဟုတ်ဘဲ အရပ်သားနေထိုင်ရာကျေးရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဒီအတွက် အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာလည်း ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားအရပ်သား ၁ ယောက် ထိခိုက်သေဆုံးခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ပုံစာ – တောင်ငူခရိုင်တပ်ရင်း အမှတ် ၂ P23502 တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

” တိုက်ပွဲက မနေ့က မနက်က စဖြစ်တာဗျ။ တစ်နာရီကျော်လောက် ဖြစ်ကြပြီးတော့ စခတွေ ပြန်ဆုတ်သွားတယ်။ လက်ရှိအချိန်အထိ အခြေအနေတွေက တင်းမာနေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ရေးအရ သတိပေးထားသလို အန္တရာယ်ရှိတဲ့နေရာကိုလည်း ဝင်ထွက်ခွင့် ခဏပိတ်ထားတယ်။ စခတပ်ကတော့ တိုက်ပွဲဖြစ်တဲ့နားက ရွာတွေကို လက်နက်ကြီးတစ်နေကုန်နီးပါး ပစ်သလို ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးချပါတယ်။” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အရပ်သားတွေအနေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့အချိန်အတွင်း တော်လှန်ရေးတပ်တွေ ကန့်သတ်ထားတဲ့ ခွင့်မပြုတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတာမျိုးမလုပ်ကြဖို့နဲ့ လေယာဥ်သံ၊ လက်နက်ကြီးသံတွေ ကြားရင်လည်း လုံခြုံတဲ့အကာအကွယ်နေရာတွေမှာပဲ ပုန်းခိုနေထိုင်သင့်တယ်လို့ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 က အသိပေးထုတ်ပြန်ထားပါသေးတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 ထံ မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်သတင်းမေးမြန်းထားဆဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။