ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့ ညနေ ၄ နာရီလောက်မှာ မြေစာပုံဟောင်း လုပ်ကွက်တစ်ခုမှာ ရေမဆေးကျောက် ရှာနေကြချိန် မြေပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ မြေပြိုကျမှုကြောင့် နစ်မြုပ်သွားသူတွေကို ဘက်ဟိုးနဲ့ ကယ်ထုတ်ခဲ့ပေမယ့် အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ရေမဆေးကျောက် ရှာနေရင်း မြေစာပုံ ပြိုကျတာပါ။ လူပါသွားမှန်းသိမှ ဘက်ဟိုးနဲ့ ကယ်ထုတ်ပေမယ့် မရတော့ပါဘူး။ ၂ ဦး သေဆုံးပြီး ၁၄ နှစ်အရွယ် ၁ဦးက အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖားကန့်မှာတော့ မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးတာတွေဟာ မထူးဆန်းတော့သလို ဖြစ်လာနေပြီး ဒီတစ်ကြိမ် သေဆုံးမှုမှာ ပါဝင်သူ ၂ ယောက်ဟာ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

“ဖားကန့်ဆိုတဲ့ သဘောက ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ကြတာပါ။ ဒေသခံလို့ သုံးလည်း ရဥနိုင်ပါတယ်။ တဦးက မော်လကင်ရွာက၊ ကျန်တဦးက မြေနီကုန်းကပါ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့တုန်းကလည်း ကုဋေကျေးရွာ လုပ်ကွက်ဟောင်းမှာ ရေမဆေးကျောက်ရှာရင်း အမျိုးသား ၁ယောက် ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF ၏ အောင်ပွဲခံ ပုံရိပ်များ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။