ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြု​ခြင်းနဲ့ ဂါရဝပြုကန်တော့​ခြင်း​ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေက တော်လှန်ရေးအတွက် ဩဝါဒစကား ပြောကြားခဲ့ကြသလို လာရောက်ဂါရဝပြုတဲ့ ရဲဘော်တွေကို သွေးသားရင်းသဖွယ် နွေးနွေးထွေးထွေး ဆက်ဆံကာ အစားအစာတွေ တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း (၆) ရဲဘော်တွေဟာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည် ရဲဘော်တွေရဲ့ ဂူဗိမ္မာန်ကိုလည်း သွားရောက်ကာ အောက်မေ့သတိရခြင်းတွေနဲ့အတူ အလေးပြုခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး ပြီးမြောက်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး (၂)ဦးသေဆုံး အမျိုးသား (၁)ဦး ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ပါတယ်။
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နဲ့ ပခုက္ကူအစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး…

မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။