တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စစ်‌ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၀ ရက်မှာ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာရှိ သူတို့ရဲ့ အထိုင်စခန်းကို လက်လွတ် ဆုံးရှုံးခဲ့ရပြီးနောက် လက်တုန့်ပြန့်တဲ့အနေနဲ့ Gyrocopter ၂ စီးကို အသုံးပြုကာ စာသင်ကျောင်းဆောင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၂ ဆောင် အလုံးစုံပျက်စီးခဲ့ပြီး အခြားကျောင်းဆောင် ၂ ဆောင်လည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်နဲ့ ပြည်သူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ သူရဲ့ ဆုံးရှုံးမှုကို လက်တုန့်ပြန့်နေတဲ့အတွက် အများအပြည်သူတွေ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ စစ်မြေပြင်သဘာဝအတိုင်း ကြိုတင်အသိပေးထားတဲ့ နေထိုင်နည်းတွေကို လိုက်နာကြဖို့ Nay Pyi Taw PDF က အသိပေးထုတ်ပြန်ထားပါတယ်။

Video – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

မြောင်မြို့ပြင်မှာ အကြမ်းဖက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေကို ပျက်စီးမှုကာ ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေ တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

အင်းလေးဒေသ ကေလာရွာမှာ သေဆုံးသူ ၄၁ ဦးရှိပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အကူအညီများ လိုအပ်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ကေလာရွာမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ခြေ ၇၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၁ သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

တောင်ယာလုပ် ပြည်သူများကို နှောင့်ယှက်နေသည့် သီလုံးပျူစောထီးများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။