ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၂ သင်တန်းဆင်း တပ်သား အောင်ကျော်ဖြစ်ပြီး နမ့်လန်အခြေစိုက် ခလရ-၂၄၃ ကနေ လက်နက်မဲ့ ထွက်ပြေးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားဟာ နောင်ချိုဘက် တံတားပြင်ရာကနေ အလင်းဝင်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလင်းဝင်စစ်သားဟာ မန္တလေးကျောက်ဝိုင်းဘက် ရောက်ရှိနေချိန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး လေ့ကျင့်ရေးစခန်းမှာ အခြားပေါ်တာဖမ်းခံရသူတွေနဲ့အတူ သင်တန်းတက်ခဲ့ရကာ သင်တန်းမှာ ပါးရိုက်ခံရတာ၊ စစ်ဖိနပ်နဲ့ အကန်ခံရတာတွေ ကြုံတွေ့ခဲ့ရသလို အခြားညှဥ်းပန်းနှိပ်စက်မှုတွေလည်း ခံစားခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်အတွင်း မူးယစ်ဆေးဝါးတွေ ရောင်းချတာကို ကိုယ်တိုင်သိမြင်ခဲ့ရသလို သိသာသိစေ မမြင်စေနဲ့လို့ အထက်က ပြောကြားထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားရှိနေတယ်လို့လည်း အလင်းဝင်စစ်သားက ထွက်ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေကြည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် ပြည်သူ (၆)ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။