ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ(၂၂) ရက်၊ နေ့လယ်ပိုင်းမှာ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာက (၃၀)နှစ်အရွယ် အမျိုးသားဟာ ခရီးသည်တင်ကားနဲ့ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးတွေ ဝယ်ယူပြီး ပြန်လာတဲ့ ခရီးသည်(၅) ယောက်ကို တင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက် ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ခရီးသည်တင်ကားဟာ မောင်တောမြို့နယ်၊ မြိုယုရွာအရှေ့ဘက် တံတားအနီးမှာ အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး ကားပေါ် ပါလာတဲ့ ခရီးသည်(၅) ယောက်နဲ့ ကားမောင်းသမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ စားသုံးကုန်အားလုံးကိုလည်း ယူဆောင်သွားတယ်လို့ ပြောပါတယ်။

AA က အခင်းဖြစ်ပျက်တဒြနေရာကို သွားရောက်ပြီး ARSA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လိုက်လံရှာဖွေတဲ့အခါ အခင်းဖြစ်ပွားရာ နေရာနဲ့ မလှမ်းမကမ်းမှာ ခရီးသည် (၅) ယောက်ထဲက (၂) ယောက်ကို သေနတ်နဲ့ ပစ်သတ်ထားတာ တွေ့ရတယ်လို့ AA က ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ အသက်(၃)နှစ်အရွယ် သမီးငယ်ကို မိခင် အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရပြီးနောက် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကားမောင်းသူ ၁ယောက်၊ ခရီးသည် အမျိုးသား ၁ယောက်ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေပြီး နောက်ဆက်တွဲ ဖြစ်စဥ်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။