ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အနော်ရထာလမ်းပေါ်မှာရှိတဲ့ အဆိုပါ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ် ဗုံး ၃ လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးတွေဟာ ရဲစခန်းဝန်းဂိတ်ကင်းနားကျရောက်ပေါက်ကွဲခဲ့တယ်လို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Operation Flame အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗုံးသီးတွေပေါက်ကွဲပြီး စစ်အုပ်စုဘက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“သောင်ကြီးရဲစခန်းကို ည ၉ နာရီနဲ့ ၄၈ မိနစ်လောက်မှာ လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဝန်း ဂိတ်ကင်းနားအထိ ကျပြီး ပေါက်ကွဲတယ်။ ရန်သူထိခိုက်မှုရှိနိုင်ပါတယ်” လို့ Operation Flame အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက် ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့သလို ရဲစခန်းအတွင်း လူနာတင်ယာဥ်တွေလည်း မောင်းဝင်သွားတယ်လို့သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ Operation Flame အဖွဲ့ရဲ့ Operation Flame-“Fire Power” အထူးစစ်ဆင်ရေးဖြစ်ပြီး အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ လှိုင်သာယာရဲတပ်ဖွဲ့ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်း Operation Flame အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ရက်နီးလာလေ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရွေးကောက်ပွဲအပေါ် သပိတ်မှောက် ဆန့်ကျင်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။