အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။

“ရန်ပုံငွေ စုစုပေါင်း $140,000 (ခန့်မှန်းခြေ) ရရှိပါကြောင်း…။ မကြာမီ ငွေစာရင်းရှင်းတမ်းကို တင်ပြသွားမည့် အကြောင်း ရောင်နီ Team LA မှ ကြေငြာလိုက်ပါတယ်” လို့ ရောင်နီ Tour ကနေ ထုတ်ပြန်ထားတာပါ။

ရောင်နီ Tour ဖျော်ဖြေပွဲတွေကို ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ခဲ့ကာ လက်ရှိမှာ စုစုပေါင်း ၈ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရောင်နီပွဲတွေဖြစ်တဲ့ Maryland ပွဲမှာ အမေရိကန်ဒေါ်လာ ၁၁၂,၅၇၈ ၊ Boston ပွဲမှာ အမေရိကန်ဒေါ်လာ ၄၄,၁၇၇ ၊ San Francisco (Bay Area) ပွဲမှာ အမေရိကန်ဒေါ်လာ ၁၀၇,၇၀၆ ၊ Florida ပွဲမှာ အမေရိကန်ဒေါ်လာ ၆၄,၇၅၀ ၊ Texas ပွဲမှာ အမေရိကန်ဒေါ်လာ ၆၂,၈၈၄ ၊ Milwaukee ပွဲမှာ အမေရိကန်ဒေါ်လာ ၂၆,၄၇၀ နဲ့ နယူး‌ယောက်ပွဲမှာ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရောင်နီပွဲကို လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက အနုပညာကြေးမယူဘဲ ဖျော်ဖြေပေးနေတာဖြစ်ပြီး ပွဲကနေ ရရှိလာတဲ့ ငွေတွေကို မြေပြင်ရောက်အောင် အမြန်ဆုံး ပို့ဆောင်သွားမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာ ၁ ရက်မှာ Minnesota နဲ့ နိုဝင်ဘာ ၁၆ ရက် Buffalo မြို့တွေမှာလည်း ရောင်နီပွဲတွေကို ဆက်လက်ကျင်းပဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရောင်နီ LA ပွဲ ပုံရိပ်များ (ဓာတ်ပုံ Ye Hein)

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်မှာ အသက် ၅ နှစ်အရွယ်ကလေးနှင့် ကိုယ်ဝန်ဆောင်အပါ ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း ကယ်

မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။