ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 – Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က ရေတာရှည်မြို့နယ် ရွာသစ်‌ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှု‌အောက်ရှိ ဗျူဟာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က တပ်ရင်းမှူး ညီညီနိုင်အပါအဝင် ၁၅ ယောက်် သေဆုံးပြီး စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။နဲ့

တိုက်ပွဲအတွင်း  သေနတ် ၅ လက်၊ ၆၀မမ ၁ လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး ၁ ခု၊ ခဲယမ်းမျိုးစုံအခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Battalion 808 – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

ဆားတောင်က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းမစ်ရှင်ပြုလုပ်ကာ တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းပြည်နယ်အလံ လွှင့်တင် (ရုပ်/သံ)

ချင်းပြည်နယ်အတွင်း ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ဒုစစ်ဦးစီးချုပ်က ချင်းပြည်နယ်အလံ လွှင့်တင်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကား ၁ စီး (ရုပ်/သံ)

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက်စစ်တပ် ကား ၁ စီးဟာ စက်တင်ဘာ ၂၇ ရက်က ကရသူရိမှ အပြန် တော်လှန်ရေးတပ်တွေ စောင့်ကြိုမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပကဖထံက သိရပါတယ်။