မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁ ရက်ကနေ ၂၂ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေး (၁၅) ယောက်နဲ့ ယောကျာ်းလေး (၁၃) ယောက် စုစုပေါင်း (၂၈) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်က (၈) ယောက်စီနဲ့ သေဆုံးမှု အများဆုံးဒေသတွေ ဖြစ်ပြီး (၂၈) ယောက်အနက် (၂၃) ယောက်က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကန်တော်ရပ်ကွက်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကန်သုံးလုံးဖူဆယ်ဘောလုံးကွင်းအနီး ကျရောက်ပေါက်ကွဲခဲ့ရာ ဘောလုံးကစားနေတဲ့ ကလေးငယ် ၃ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုချိန်ကစလို့ အောက်တိုဘာ ၂၂  ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၇၃၉၈) ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် ရိက္ခာယူပြီးပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၁ ဦး၊ စစ်သား ၃ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဥ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် PKU တာဝန်ခံဆီက သိရပါတယ်။
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးဝမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တစ်ရက်တည်းမှာပဲ စစ်အုပ်စု ၃ကြိမ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၃ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး

မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။