မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းမှာ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence) ၊ ကလေးသူငယ်တွေအပေါ် ချိုးဖောက်ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေ ဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေ၊ အဆိုပါအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေအကြောင်း ဆွေးနွေး ပို့ချခဲ့တယ်လို့ သိရပါတယ်။

“လူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပိုသိရှိခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း ချိုးဖောက်ကျူးလွန်မှုတွေအများကြီးတွေ့နေရတဲ့အတွက် ဒီလိုသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါတယ်” လို့ သင်တန်းသားတစ်ယောက်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း NUG ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါသင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ အမျိုးသမီး တစ်ယောက်က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး တက်ရောက်လာတဲ့ သင်တန်းသား ၉၀ ရာခိုင်နှုန်းဟာလည်း ရပ်ရွာဒေသအတွင်းက အမျိုးသမီးလူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။