နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်အုပ်စု ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။

“အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက် စစ်တပ်အနေနဲ့ ဆက်လက်ဆောင်ရွက်နေတယ်”လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ ပြောဆိုထားပေမယ့် တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေကို နိုင်ငံတဝန်း နေ့စဥ် ပြုလုပ်နေတာဖြစ်ပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် ခရီးစဉ်အတွင်း အကြမ်းဖက်မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို မပျက်မကွက် လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

စစ်သား တစ်ယောက်ချင်းစီတိုင်းအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ နေ့စဉ် ဆောင်ရွက်ရမယ့် ဦး၊ ရေး၊ ထောက်တာဝန်တွေကို မပျက်မကွက် လုပ်ဆောင်ဖို့ကိုလည်း မင်းအောင်လှိုင်က တိုက်တွန်းထားပါတယ်။

ရပ်မိရပ်ဖ ဆိုတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာလည်း အကြမ်းဖက်မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ ဒို့တာဝန်အရေးသုံးပါး စောင့်ထိန်းသူ၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးအမြင်ရှိတဲ့ ကိုယ်စားလှယ်တွေကို မဲပေးဖို့ ပြောဆိုခဲ့ပါသေးတယ်။

ဒီနှစ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲကို ပထမအကြိမ်မှာ (၁၀၂) မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် (၁၀၀)နဲ့ တတိယအကြိမ်ဆိုပြီး (၃) ကြိမ်ခွဲ ပြုလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် ဆွမ်းသွပ် တရားနာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနဲ့အတူ နှစ်ပြည့်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။