အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဝက်စ်ကလီမန်တန်ပြည်နယ် ကေတာပန်မြို့က ညစျေးပွဲတစ်ခုမှာ ကလေးတွေအတွက် တည်ဆောက်ထားတဲ့ အပျော်စီးစက်တစ်ခု မတော်တဆဖြစ်ကာ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြိုကျမှုကြောင့် ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ဆေးရုံသို့ ပို့ဆောင်ကာ ကုသစေခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ 

ကေတာပန်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြိုကျမှုဟာ အလေးမခံနိုင်တဲ့အတွက် ပြိုကျခဲ့တာဖြစ်ကာ လုံခြုံရေးစည်းကမ်းသတ်မှတ်ချက်တွေနဲ့ မပြည့်မီရင် တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Video-Fengky Frankee

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီသား တော်လှန်ရဲဘော်တစ်ဦး ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားသည့် ငါတို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံဖို့ ဧရာဝတီသား တော်လှန်ရဲဘော်တစ်ယောက် ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားတဲ့ ငါတို့ပြန်လာပြီ ဧရာဝတီသီချင်း ဖြစ်ပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နဘ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်အထိ SF-Z ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက သိရပါတယတိုက်ခိုက်ခံရတဲ့ အမတ ၃၁၈ အတွင်းရှိ လက်နက်ကြီး အထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာ တဲ့ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။