မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ဆိပ်ကမ်းကို ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်သင်္ဘောတွေကို အောက်တိုဘာ ၁၂ ရက် ညပိုင်းအချိန်မှာ ဒရုန်းကို အသုံးပြုပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုရဲ့ စစ်ရေယာဥ်ပေါ်ကို တည့်တည့်ကျ ထိမှန်ပြီး အကြမ်းဖက်စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ သင်္ဘော ဦးခေါင်းမိုး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ရေစကြို တပ်ပေါင်းစုနဲ့ Urban Underground Revolution Force-YSO ဒရုန်းတပ်ဖွဲ့တို့ ပူး‌ပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကွတ်ခိုင်မှာ ကလေးငယ် ၄ ဦး မိုင်းနင်းမိ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ် ၄ ယောက် လက်လုပ်မိုင်း နင်းမိရာ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်

တရုတ်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားလိုက်ပါတယ်။