ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

အမှတ် (၅၀၁) တပ်ရင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ တပ်ရင်းတည်ထောင်ခြင်း ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ခက်ခဲကြမ်းတမ်းမှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ခြင်းဟာ တော်လှန်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ကျရာတာဝန်တွေကို မငြီးမငြူ စွမ်းစွမ်းတမံ ကျေပွန်စွာ ထမ်းဆောင်နေကြပြီး ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်လျက် စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်တိုက်ခိုက်သွားမယ်လို့ အမှတ် (၅၀၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Video-PDF – 510

0 Shares:
You May Also Like
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၈ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက သတင်းထုတ် ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

တိုးဂိတ်တွင် ကားမှန်ချခိုင်းသည့် ပျူခေါင်းဆောင်နှင့် စစ်ကောင်စီ ဗိုလ်မှူး စကားများရန်ဖြစ်၊ ပျူခေါင်းဆောင် အဖမ်းခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိတ္တီလာမြို့အဝင် တိုးဂိတ်မှာ ကားမှန်ချခိုင်းမှုကြောင့် မလှိုင်မြို့နယ်မှ ဗိုလ်မှူးဝေဖြိုးဆိုသူနဲ့ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းတို့ အပြန်အလှန် စကားများရန်ဖြစ်နေကြတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။