အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။

Enemy Air Route(EAR) အနေနဲ့ လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးအတွက် ၄ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ရင်း ရရှိထားတဲ့ အချက်အလက်တွေနဲ့ မြေပြင်ရှိ ဒေသခံလေကြောင်း ကင်းထောက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတည်ပြု စိစစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး ယူနစ်တွေအတွက် အကြမ်းဖက်စစ်တပ် အသုံးပြုမှု အများဆုံး လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ် ၊ မုံရွာ(နမခ) ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ နပတ(အေလာ) ၊ မကွေးလေတပ် တို့ဖြစ်ပြီး စစ်လေယာဉ်တွေအနေနဲ့ ဂျက်ဖိုက်တာ ၊ Y 12 ၊ MI 35 ၊ Paramotar နဲ့ Gyrocopter တို့ကို အသုံးပြုတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြု တဲ့ လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ် ၊ မြစ်ကြီးနား နမ့်ပေါင်လေတပ် နဲ့ မိတ္ထီလာ(ရှမ်းတဲ) တို့ ဖြစ်ပြီး ရံဖန်ရံခါမှာ နပတ(အေလာ) နဲ့ နမ့်စန့်လေတပ်တွေကို အသုံးပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အသုံးပြုတာ များတဲ့ စစ်လေယာဉ်တွေကတော့ ဂျက်ဖိုက်တာ နဲ့ Y 12 တို့ဖြစ်ပြီးတော့ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြုတဲ့ လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ်၊ မိတ္ထီလာ(ရှမ်းတဲ)၊ နပတ(အေလာ) တို့ဖြစ်ပြီးတော့ ရံဖန်ရံခါမှာ ပြင်ဦးလွင်(အနီးစခန်းလေဆိပ်) နဲ့ နမ့်စန်လေတပ်တို့ကို အသုံးပြုကာ ဂျက်ဖိုက်တာနဲ့ Y 12 လေယာဥ် တို့ကို အသုံးပြုတယ်လို့ EAR က ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်တွေက အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြုတဲ့ လေဆိပ်တွေက တောင်ငူလေတပ် ၊ နပတ(အေလာ) ၊ နမ့်စန့်လေတပ် နဲ့ မိတ္ထီလာ(ရှမ်းတဲ)တို့ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ကို အသုံးပြုတာများပေမယ့် ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြု တဲ့ လေဆိပ်တွေက တံတားဦးလေတပ်ဆွယ် ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ မကွေးလေတပ် တို့ဖြစ်ပြီး ရံဖန်ရံခါ မှာ နပတ(အေလာ) ၊ ကလေးလေဆိပ် နဲ့ မုံရွာ(နမခ) တို့ ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ကို အများဆုံး အသုံးပြုကာ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက တံတားဦးလေတပ်ဆွယ် ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ မကွေးလေတပ် ၊ နပတ(အေလာ) တို့ဖြစ်ပြီး ရံဖန်ရံခါမှာ ပုသိမ်လေတပ် နဲ့ မှော်ဘီလေတပ်တို့ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ အများဆုံးအသုံးပြုကာ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက တောင်ငူလေတပ် ၊ မှော်ဘီလေတပ် နဲ့ နပတ(အေလာ) တို့ဖြစ်ပြီး ရံဖန်ရံခါမှာ မိတ္ထီလာ(ရှမ်းတဲ) နဲ့ မော်လမြိုင်(ရတခ/လေဆိပ်)တွေကို အသုံးပြုသလို ဂျက်ဖိုက်တာ ၊ Y 12 ၊ MI 35 နဲ့ Paramotar တို့ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက မြိတ်လေတပ် နဲ့ ထားဝယ်လေဆိပ်တို့ဖြစ်ပြီး အသုံးပြုအများတဲ့ စစ်လေယာဉ်တွေက ဂျက်ဖိုက်တာနဲ့ Y 12 တို့ဖြစ်ပေမယ့် ရံဖန်ရံခါ မှာ MI 2 ကို အသုံးပြုတယ်လို့ သိဏပါတယ်။

အခုဖော်ပြထားတဲ့ အချက်အလက်တွေက နေ့စဉ်လေကြောင်းရန်နဲ့ရင်ဆိုင်နေရသူတွေ လေကြောင်း စောင့်ကြည့်ရေးအဖွဲ့ကလူတွေအတွက်တော့ အစိမ်းသက်သက်မဟုတ်ပေမယ့် သာမန်အရပ်သား ပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုနဲ့ အတွေ့အကြုံမရှိသူတွေ လေတပ်လေယာဉ်အချက်အလက်တွေနဲ့ မရင်းနှီးသူတွေအတွက် အဓိကရည်ရွယ်ပြီး တင်ပြပေးတာ ဖြစ်တယ်လို့ EAR က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)တင်သွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။