မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ကျိုက်ထိုမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)ဟာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှာ ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

သထုံခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့က ဦးဆောင်တဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၂) ကတော့ KNU တပ်ရင်း (​၂)၊ တပ်ခွဲ (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်မှာ စတင်စစ်ကြောင်းထွက်ကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) တို့ဟာ စစ်ကြောင်းအသွင်နဲ့ လှည့်ကင်းတွေ၊ တိုက်ကင်းတွေနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို PDF တပ်ဖွဲ့တွေ၊ ဒေသတွင်း မိတ်ဖက် EAOs တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) အနေနဲ့ စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နာခံမှုရှိခြင်းစတဲ့ စံသတ်မှတ်ထားသောကျင့်ဝတ်တွေကို တိကျစွာလိုက်နာကာ မိတ်ဖက်တွေ၊ ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ကာ အတူတကွ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ် ၄နေရာကို တပြိုင်နက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်တော်သား ၈ ဦး သေဆုံး မြို့သိမ်းတိုက်ပွဲ၏ ခြေလှမ်းအစ ဖြစ်နိုင်သည်ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

"အဓိကကတော့ ၉/ အညာမြ စစ်ဆင်ရေးမှာ ကျနော်တို့က မြို့ပြင်စစ်ဆင်ရေးထက်ကို မြို့ပြ စစ်ဆင်ရေးကို ဦးစားပေး လုပ်ခဲ့တာပေါ့နော်။ မြို့ထဲ စစ်ရေးမစ်ရှင်တွေကို တပြိုင်နက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူတွေအနေနဲ့ မြို့တွင်းမှာဆို သူတို့ လုံခြုံနေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ပြီးတော့ ပြည်သူတွေကိုပေါ့နော် မြို့ဆိုတာ သိမ်းလို့ရတယ် ထိန်းဖို့က ခက်နေတာဆိုတဲ့ သတင်းကောင်းကိုလည်း ပေးချင်တာပါ။ ဒီဟာက မြို့သိမ်းတိုက်ပွဲရဲ့ ခြေလှမ်းအစလည်း ဖြစ်သွားနိုင်ပါတယ်" လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်နေသည့် မြိုင်မှာ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ အရပ်သား ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး သာသနာရေးအဆောက်အုံတွေ ပြိုကျပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။