ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက် ဒီနေ့လယ်ပိုင်းက မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဇရပ်နဲ့ ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၈ ရက် မနေ့ညပိုင်းကလည်း ကျောက်မဲ-မိုင်းငေ့ါလမ်းပေါ် ၁၁ မိုင်ကျေးရွာအတွင်း စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မိုင်းလုံမြို့နယ်၊ နမ့်ခုံးအုပ်စု၊ လွယ်စုကျေးရွာနဲ့ ပန်သပြေကျေးရွာကြားရှိ တောထဲတစ်နေရာကို ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

Video – Ta’ang Women’s Organization

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း ပျူစခန်းများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အနောက်မကျည်းကန်နဲ့ အောင်သာပျူစခန်းတွေကို ဧပြီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter အဖွဲ့ထံက သိရပါ တယ်။
Read More

သင်္ကြန်အကျနေ့ သနပ်ပင်ဇင်းရွာကို ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပစ်ခတ်မှု လေထီး မောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် သနပ်ပင်ဇင်းရွာကို ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဗုံးလာကြဲတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပကဖစုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက် ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ကြီးစမ်းသပ်မှုအတွင်း အမှတ် ၁ စစ်ဒေသ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ရဲ့ ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ယင်းမာပင်ခရိုင် တပ်ရင်း၃၅ - People's Defence Army က ထုတ်ပြန်ပြသထားပါတယ်။