တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက် မနက်ပိုင်းက တမုတ်ချုံကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် တိုက်ပွဲအပြီး စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကော့သောင်းခရိုင် တပ်ရင်း ၁၊ Dragon Squad ဒရုန်းတပ်ဖွဲ့နဲ့ တနင်္သာရီမြို့နယ် ပကဖ တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင် – ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်းက ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနား…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း - ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနားကို မနေ့က အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့ပေါ် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်.. “ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်သူ့ကိုမဆို စာနာထောက်ထားနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်သွားမှာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်အုပ်စုကင်းလှည့်လာချိန် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်က စစ်အုပ်စုကင်းပုန်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ "ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စခလှည့်ကင်းကားတွေလာမယ့်အချိန် အသင့်စောင့်ပြီး ၁လုံးခွဲတာ မိုင်းက မအောင်ဘဲ (Error) ကား၂စီးလုံးကျော်သွားမှ ကွဲတယ်။ နောက်နေ့ စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်မှာ ခွဲတာကတော့ ထိခိုက်မှုမသိရသေးပါဘူး။" လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက်မှာ ဧရာဝတီမြစ်ထဲ စုန်ဆင်းလာတဲ့ သင်္ဘောကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ… သပိတ်ကျင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။