ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။

TNLAဘက်က SSPP အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို လမ်းကြောင်းဖွင့်ပေးတာ၊ ကူညီပေးတာဆိုပြီး ပြောဆိုတဲ့အပေါ်မှာ ဒါဟာ SSPP အပေါ် လူထုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့အပြင် SSPPက နိုင်ငံရေးအရ ထိုးနှက်လိုမှုနဲ့ လူထုတို့အကြား စည်းရုံးရေးကျဆင်းစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။

SSPP လက်အောက်ခံတပ်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ ပြန်လည်ရရှိရေး တိုက်ပွဲတွေမှာ စစ်အုပ်စုနဲ့ TNLA တို့အကြား ဘယ်ဘက်ကမှ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ ဆိုထားပါတယ်။

SSPPတပ်ဟာ စစ်ဘေးဒဏ်ခံရတဲ့ စစ်ဘေးရှောင်လူထုတွေကိုသာ ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ TNLAတို့ဟာ SSPP ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုအသက်အိုးအိမ် စည်းစိမ်ပိုင်ဆိုင်မှုကို ဆိုးရွားစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တကြောင့် အဲဒီဆုံးရှုံးမှုတွေအတွက်  သက်ဆိုင်တဲ့အဖွဲ့တွေက တာဝန်သိသိ တာဝန်ယူ ဖြေရှင်းပေးရမယ်လို့လည်း SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်မဲမြို့ပြန်ရဖို့အတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်ခဲ့ရာမှာ ဂုတ်တွင်းချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်လမ်းကြောင်းကတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်သလို၊ သီပေါတိုက်ပွဲမှာလည်း TNLA က ကျင်သီတံတားအနီးအပါအဝင် ဘော်ကြိုကျေးရွာမှာ ခံစစ်ပြင်ထားပေမယ် စစ်ကော်မရှင်တပ်က SSPP ထိန်းချုပ်ရာဒေသကနေ ပြန်ဝင်လာတာကြောင့် သီပေါမြို့ထဲကို အလွယ်တကူဝင်ရောက်လာနိုင်တာဖြစ်တယ်လို့ PSLF/ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသတင်းဌာနကို ပြောကြားထားတာဖြစ်ပါတယ်။

SSPP နဲ့ TNLA ဟာ FPNCC အဖွဲ့ဝင်တွေဖြစ်ပေမယ့် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်း ၂ ဖက်တပ်အကြား နယ်မြေအငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားပြီး ပစ်ခတ်မှုတချို့လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖြင့် ပြန်လည်ဖွင့်သည့် DJ Violet ကို စစ်တပ် ဖမ်းဆီး၊ သီချင်းဖွင့်ခဲ့သည့် COVER နိုက်ကလပ်ကို စစ်အုပ်စု ချိတ်ပိတ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER နိုက်ကလပ်မှာ DJ Violet က ဘုရားသီချင်းဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖွင့် ကခုန်ခဲ့တဲ့အတွက် DJ Violet ကို ဖမ်းဆီးကာ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အင်း‌လေးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်၊ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်ရာ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။