တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ စက္ကူစုတ် မဟုတ်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပြန်ပါတယ်။ 

NCA ၁၀ နှစ်ပြည့် အခမ်းအနား မကျင်းပခင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့ ၆ဖွဲ့က NCA ဟာ စက္ကူစုတ် ဖြစ်သွားပြီလို့ သဘောထားထုတ်ပြန်ပြီးနောက်မှာ ဇော်မင်းထွန်းက အခုလို တုံ့ပြန်လာတာပဲ ဖြစ်ပါတယ်။ 

“NCA ဆိုတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးတင် မဟုတ်ပါဘူး။ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးအထိပါတဲ့အတွက် သူတို့လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်တွေ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်” လို့ ဇော်မင်းထွန်းက ဆိုပါတယ်။ 

စစ်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ အရပ်သားတိုက်ခိုက်မှုတွေ၊ အာဏာသိမ်းဖြစ်စဉ်တွေဟာ ငြိမ်းချမ်းရေးစာချုပ်ဖြစ်တဲ့ NCA ရဲ့ ရည်ရွယ်ချက်၊ အနှစ်သာရတွေကတို ချိုးဖောက်နေခဲ့တာပါ။ 

ဒါပေမယ့် မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားမှာတော့ မင်းအောင်လှိုင်ကလည်း သူတို့အနေနဲ့ NCA ကို ချိုးဖောက်ဖူးတာ မရှိဘူးလို့ ဆိုခဲ့ပြန်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း မင်းအောင်လှိုင်က “ဖြစ်နိုင်တာ ကျနော့်ဘက်က လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဆိုလုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာကို လျှောက်ပြီးတော့မှ လုပ်နေလို့ မရပါဘူး” လို့ ပြောဆိုခဲ့ပါသေးတယ်။ 

ဒါ့အပြင် နိုင်ငံကို အမျိုးမျိုး ဖျက်ဆီးနေတဲ့ မင်းအောင်လှိုင်က နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကို NCA အခမ်းအနားမှာ ပြန်လည်တိုက်တွန်းခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းနဲ့ မကွေးကနေ ဖမ်းဆီးခံရပြီး မိုးဗြဲမှာ စစ်မှုထမ်းနေရသူ ၂ ဦး PDF ထံ ထွက်ပြေးခိုလှုံံ

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း ပကဖ ရဲဘော်များ ရခိုင်စစ်မျက်နှာမှာ AA နှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ပကဖ ရဲဘော် ၁၄ ဦးကျဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။