အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။

အဆိုပါ အမျိုးသမီးစစ်သည်တွေဟာ တော်ဝင်ဒေါင်းစစ်ဆင်ရေးနယ်မြေအတွင်း ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် ဂိတ်ချစစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာ တော်ဝင်ဒေါင်း အမျိုးသမီးစစ်သည်တွေအနေနဲ့ လုံခြုံရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေရှိသလို ရှေ့တန်းစစ်မြေပြင်မှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုထားပါတယ်။

(ဓာတ်ပုံ Royal Peacock Column)

0 Shares:
You May Also Like
Read More

မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံးတွေ ကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် မူးဝေအော့အန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၅) တပ်ဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်၊ တပ်ရင်းအမှတ် ၅ နဲ့ ဗဟိုကော်မတီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို KNDF က ထုတ်ပြန်လာပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။