မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက် မနေ့ည ၈ နာရီကနေ ညနက်ပိုင်းအထိ မိတ္ထီလာမြို့နယ်၊ ဘဲကန်ဈေးအနီးမှာ နယ်မြေခံ စစ်တပ်က စစ်မှုထမ်းအပတ်စဉ် (၁၈) အတွက် ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ် ၂ ယောက်တွဲစီးလာတဲ့ လူငယ်အမျိုးသားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ညတွင်းချင်းကြီးဖမ်းတော့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်ကလည်း မသိကြသေးဘူးပေါ့နော်။ ဒါပေမယ့် တချို့တွေကိုတော့ ပိုက်ဆံနဲ့ ပြန်လာရွေးခိုင်းမှာပေါ့နော်။ ဒီလို တညတည်းနဲ့ အများကြီးဖမ်းတာမျိုးကို သူတို့က ဆက်တိုက်မလုပ်ဘူး။ မထင်လောက်တဲ့ အချိန်မှာမှ ထထလုပ်တာပေါ့နော်။ အဲ့လိုဆိုတော့ လူငယ်တွေက အမှုမဲ့ အမှတ်မဲ့နဲ့ ပါပါသွားကြတာ” လို့ မိတ္ထီလာတပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂၀ ကျော်ကို ခလရ-၁၁၃ မှာ ထားရှိထားပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်အတွင်းမှာ လူငယ် ၇ ယောက်ကို စစ်တပ်က ပေါ်တာဆွဲခဲ့သေးတယ်လို့ သိရပါတယ်။

အပတ်စဉ် တခုကို လူအယောက် ၅ ထောင်ကျော် စုဆောင်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ဟာ နောက်ပိုင်း အပတ်စဉ်တွေမှာတော့ စစ်မှုထမ်း လျာထားချက် ပြည့်မှီအောင် မရတာကြောင့် အပတ်စဉ် တခု တက်နေစဉ်မှာပင် ရတဲ့နည်းနဲ့ လူငယ်တွေကို ထပ်မံစုဆောင်းပြီး ထပ်တိုးအင်အားတွေနဲ့ ဖမ်းဆီးပို့ဆောင် နေတယ်လို့ သိရပါတယ်။

“သူတို့တွေ လူအရေအတွက်ကို ပြည့်မှီအောင် မရနေတာတော့ သေချာတယ်။ အဲ့လိုဆိုတော့ သူတို့က ရသလောက် လိုက်ဆွဲတယ်ပေါ့နော်… တစ်ယောက်ဆွဲ၊ နှစ်ယောက်ဆွဲကနေ သူတို့လူအရမ်းလိုလာပြီဆိုရင် ရထားဂိတ်၊ ကားဂိတ်တွေကနေ လူတွေဖမ်းတယ် သိရပါတယ်။ သေချာသိရတာကတော့ ရထားပေါ့နော်။ ဒါတွေကို စစ်မှုထမ်းကနေ ထွက်ပြေးလာတဲ့ လူတွေဆီကနေ ကြားရတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့မှာ ဖရဲသီးတွေ၊ သင်တန်းကျောင်းတွေမှာလည်း ကျနော်တို့လူတွေ ရှိပါတယ်” လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူတယောက်က ပြောပြပါတယ်။

စစ်တပ်ဟာ ရထားတွေ၊ ကားတွေမှာ လိုက်ပါစီးနင်းမယ့် လူငယ်တွေရဲ့ စာရင်းမှန်သမျှကို ကြိုတင်ရရှိထားတာကြောင့် ဘူတာရုံ အကြီးကြီးမရှိတဲ့ မြို့နယ်ဂိတ်လေးတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကျနော်တို့ အဲ့လိုပြောလို့ ဘူတာတွေမှာ အမြဲတမ်းဖမ်းနေတာတော့ မဟုတ်ဘူး။ သူတို့ အဲ့လောက် ရုပ်ပျက်ဆင်းပျက်မလုပ်ဘူး။ မလိုရင် လွှတ်ထားပေးတယ်… အဲ့လိုဆိုတော့ လူငယ်တွေကလည်း ပေါ့ပေါ့လျော့လျော့ ပြန်ဖြစ်ပြန်ရော။ ပြီးတော့မှ သူတို့ တအားလိုလာပြီဆိုရင် ဝုန်းဆို ဆော်ထည့်လိုက်တာပဲ။ အဲ့လိုဆိုတော့ ဖမ်းတိုင်းပါတယ်” လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူကပဲ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲကို ရဖို့ အလုံးရင်းနှင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ထိခိုက်မှုအများအပြားဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။