မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန်ပျူအဖွဲ့ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက်က မြင်းခြံမြို့နယ် ရွာကြီး-ညောင်ပင်ရွာလမ်းပိုင်းမှာ သီတာယုမွန်ပျူအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့‌ ဦးဆောင်ပြီး MGN Danger Dymanite နဲ့ (မြင်းခြံပကဖ) အဖွဲ့များက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကြယ်တစ်ပွင့်

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)တို့ပူးပေါင်းပြီး အပတ်စဉ် ၁ (၁/၂၀၂၅) အခြေခံ စစ်ပညာသင်တန်းနဲ့ လက်နက်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၂ ရက်က ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် မြို့အများအပြားမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်း စကားများ ပြည်သူတွေထံ ဖြန့်ဝေ ( ရုပ်/သံ)

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြို့အများအပြားမှာ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေညပိုင်းမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေကို ပြည်သူတွေထံ ဖြန့်ဝေခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAYက ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ သားတစ်ဦးအနေနဲ့ စစ်အုပ်စုကို တောင်းဆို

''ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ကျွန်တော့် မေမေ နဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်ဟာ မေမေ့ရဲ့ သားတစ်ယောက် ဖြစ်တယ်။သားတစ်ယောက်ရဲ့အခွင့်အရေးကို ပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေး ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ကျွန်တော် ဒီလိုတောင်းဆိုတာကို သူတို့ဘက်က ဘာမှ ပြန်မပြောလာပါဘူး။ဒါကြောင့် ကျွန်တော် အခုလို နေရာအနှံ့သွားပြီး ပြောဆိုနေပါတယ်။နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သားတစ်ယောက်အနေနဲ့ ပြောရတာပါ''
Read More

မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။