ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အောက်တိုဘာလ ၁၄ ရက် ဒီမနက် ၇နာရီခွဲအချိန်မှာ လုပ်ခဲ့တာဖြစ်ပြီး ဒေသခံကျောင်းသူ ၁ယောက် သေဆုံးကာ ၁ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၆လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ထိခိုက်တဲ့သူတွေက ကျောင်းသူတွေဖြစ်တယ်၊ ၅ နှင့် ၈ တန်းကျောင်းသူတွေဖြစ်တယ်၊ သူတို့နှစ်ယောက်က စိုးရိမ်ရတဲ့အဆင့်တော့ ရောက်တယ်၊ အခုနောက်ကျောမှာ ထိတဲ့ သူ့အစ်မက ဆုံးသွားပြီ၊ သူ့ညီမကို ဆေးကုပေးနေတယ်၊ ရွာထဲ ၄ လုံး ကြဲသွားတယ်၊ အိမ်လည်းထိတယ်” လို့ ဒေသခံတယောက်ရဲ့ ပြောပြချက်ကို TWO က ဖော်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ်၊ ၈တန်းကျောင်းသူ လွေးသင်းသင်းနွယ်ဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသူကတော့ လွေးမေသင်းနွယ် အသက် ၁၅နှစ်၊ ၅တန်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၁ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ယောက် အပါအဝင် သေဆုံးသူ ၂၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၆ ယောက် ရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အလစ်အငိုက် ချေမှုန်းခံရပြီး အယောက် ၃၀ နီးပါးသေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်ကြပ်အဆင့် စစ်သုံ့ပန်းတစ်ယောက်လည်း ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျနော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ ဆိုတဲ့ ငါးမင်းဆွေကို သူထောက်ခံတဲ့ စစ်တပ်က ဖမ်းဆီးပြီး ရန်ကုန်ပို့

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။