အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။

မနေ့က အောက်တိုဘာလ ၁၃ ရက်၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စု စီစဉ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လမ်းခင်းပေးနိုင်မှာ မဟုတ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ အကူအညီနဲ့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေမှာဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အကူအညီပေးနေတာဟာ မြန်မာပြည်သူတွေရဲ့ ဒုက္ခကို ပိုမိုနက်ရှိုင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို အလုံးစုံ နောက်ပြန်ဆုတ်ယုတ်စေမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။



စစ်အုပ်စုဟာ နိုင်ငံအတွင်း ထိရောက်တဲ့ အုပ်ချုပ်နိုင်မှု မရှိတဲ့အပြင် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ လက်ခံမှုလည်း မရှိကြောင်း၊ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ သိသိသာသာ နောက်ပြန် ဆုတ်ယုတ်သွားခဲ့ရပြီး ဆင်းရဲတွင်းပိုမိုနက်ရှိုင်းလာကာ ငတ်မွတ်ခေါင်းပါးမှုနဲ့ စားနပ်ရိက္ခာ မလုံခြုံမှုတွေကတော့ ဆက်လက်မြင့်တက်နေကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့် ကျူးလွန်နေပြီး မကြာသေးခင်က သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရတဲ့ စိတ်နှလုံးကြေကွဲဖွယ် သာဓက ကိုလည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆုံးဖြတ်ထားတဲ့ မြန်မာပြည်သူလူထုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားပေးထောက်ခံသွားကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်

0 Shares:
You May Also Like
Read More

စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှု ရပ်ဆိုင်းခြင်းကသာ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်သည့် နည်းလမ်းဟု ဦးကျော်မိုးထွန်း ကုလမှာ တင်ပြ

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဟာ စစ်ကောင်စီထံ တစ်ကမ္ဘာလုံးက လေယာဉ်ဆီရောင်းချနေမှုကို ဟန့်တားဖြတ်တောက်ပိတ်ဆို့ဖို့ ဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက  ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။